Huawei Mate X7
Design Unique ဖြစ်တဲ့ Foldable Smart phone လဲကိုင်ချင်တယ်၊ အထူကြီးလဲ မကြိုက်ဘူး၊ အကြမ်းလေးလဲခံချင်တယ်ဆိုရင်တော့ IP58/ IP59 Rating ရထားပြီး 4.5 mm အထူသာရှိတဲ့ Huawei Mate X7 ကရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးပါဘဲ။ Scren တွေကတော့ Cover Display ကို 6.49 inches ရှိတဲ့ Screen မှာ LTPO OLED Dispaly သုံးထားပြီး Screen refresh rate 120Hz အထိ Support ပေးထားပါတယ်။ Main Screen ကိုတော့ Foldable LTPO OLED Display သုံးပေးထားပြီး 8.0 inches အကျယ်ရှိပါတယ်။ Main Screen ရဲ့ Refresh rate ကိုလဲ 120Hz အထိ Support ပေးထားပါတယ်။ Chipset ကိုလဲ Kirin 9030 Pro (6 nm) သုံးပေးထားလို့ ဘယ်လို software ဘယ်လို Game လာလာ ကောင်းကောင်းကြီး Run နိုင်မှာပါ။ Main Camera မှာလဲ 50 MP နှစ်လုံးနဲ့ 40 MP တစ်လုံး၊ Triple Camera ကိုသုံးပေးထားလို့ Telephoto ရိုက်ချင်ချင်၊ Ultrawide ဘဲရိုက်ချင်ချင်၊ Quality ကောင်းတဲ့ Portrait ပုံတွေဘဲရိုက်ချင်ချင် ပုံထွက်ရှယ် မိုက်စေမှာပါ။ Selfie Camera ကို လဲ 8 MP သုံးပေးထားပါတယ်။ Battery ကတော့ 5600 mAh ဖြစ်ပြီးတော့ 66W Fast Charging အထိ Support ပေးထားပါတယ်။ Wired Charging သာမက Wireless charging ကိုလဲ 50 W အထိ Support ပေးထားတဲ့ Huawei Mate X7 ကတော့ စျေးနဲ့ တန်တာထက်ကို ပိုတဲ့ Powerhouse တစ်လုံးပါဘဲ။
Huawei Nova 14
Crystal Blue
Modern ဆန်ဆန် Sleek Design လေးနဲ့ Huawei Nova 14 မှာတော့ 6.7 inches, OLED Display အသုံးပြုပေးထားပြီး Chipsetအနေနဲ့လဲ Kirin 8000 (7 nm) ကိုသုံးပေးထားလို့ Daily Use နဲ့ ဇာတ်ကားကြည့်တာမျိုး အပြင် Game ပေါ့ပေါ့ ပါးပါးဆော့တာမျိုးလဲ ပူစရာမလိုပါဘူး။ Main Camera ကိုတော့ (50 MP, 12 MP, 8 MP ) Triple Camera သုံးထားပြီး Selfie Camera မှာလဲ 50 MP ဖြစ်လို့ ရှေ့က ရိုက်ရိုက် နောက်က ရိုက်ရိုက် ကြည့်ကောင်းမှာ ကြိမ်းသေပါဘဲ။ 5500 mAh Battery ကြီးနဲ့လို့ အားခဏလေးနဲ့ ကုန်မှာစိတ်ပူစရာမလိုတဲ့ အပြင် 100W အထိလဲ Charging Support ပေးတာမလို့ အချိန်ပေးပြီး အားအကြာကြီးသွင်းစရာမလိုပါဘူး။
Huawei Pura 90s Pro
Premium ဆန်”နဲ ဓာတ်ပုံရိုက်ရတာ ဝါသနာပါပြီး camera စွမ်းဆောင်ရည်အမြင့်ထဲက လိုချင်သူတွေအတွက် Huawei Pura 90s Proလေးရှိပါတယ်။ 50MP Ultra Lighting Camera နဲ့ 50MP Macro Telephoto ပါဝင်တာကြောင့် အလင်းရောင်အားနည်းတဲ့ ညဘက်မှာတောင် ပုံရိပ်တွေကို အသေးစိတ် ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မှာပါ။6.6 လက်မအရွယ် LTPO OLED Display ပါဝင်လို့ ရုပ်ရှင်ကြည့်တာနဲ့ ဂိမ်းဆော့တဲ့အခါ ရုပ်ထွက်ကို အကောင်းဆုံး ခံစားရစေမှာ ဖြစ်ပြီး၊ 6000 mAh Battery ပါဝင်လို့ တစ်နေကုန်အားခံတဲ့အပြင် 66W အမြန်အားသွင်းစနစ်ကြောင့် အချိန်တိုအတွင်း အားအပြည့် ပြန်သွင်းနိုင်ပါတယ်။ IP68/IP69 ပါဝင်တဲ့အပြင် အကြမ်းခံတဲ့ Kunlun Glass 2 တို့ပါဝင်တာကြောင့် ဘယ်နေရာသွားသွား ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မယ့် ဖုန်းကောင်းတစ်လုံးပဲ ဖြစ်ပါတယ်။


